วันศุกร์ที่ 9 พฤษภาคม พ.ศ. 2557

ကောင်​မ​လေးအတွက်

ကောင်မလေးအတွက်....

ကောင်မလေးရေ......
ဘ၀ဆိုတာ ငါ့အတွက်တော့
မင်းရဲ့ချစ်ခြင်းနဲ့မှ စတင်သက်ဝင်
ရှင်သန်ခွင့်ရတဲ့ ပန်းတစ်ပွင့်ပေါ့....

ဟောသည်ကမ္ဘာတစ်ဆုံး အလှဆုံး
ဒီလိုစကားလုံးတွေလည်း
မင်းရဲ့မူယာထဲမှာပဲ ပျောက်ဆုံးခဲ့တယ်.....

ချစ်တယ်ဆိုတဲ့အသံလေး
ဟောသည်အဝေးပြေးရင်ခုန်သံနဲ့
တစ်ရံခါဆီကို အချိန်ပိုနဲ့လွမ်းတယ်...

အချစ်ဆိုတာ"အား" ဖြစ်စေချင်တဲ့ငါ့ဆန္ဒ
တစ်ကယ်တမ်းကျတော့"ဓါး"
စည်းအထပ်ထပ်ကြားမှာ
မနီးစပ်နိုင်တဲ့ဘ၀တွေလားလို့
အားငယ်စွာငိုဖူးခဲ့ပြီလေ....

မသပ်မရပ်မျှော်လင့်ချက်တွေအတွက်
မင်နီတားခံရလည်း
အသင်္ချေကမ္ဘာတစ်သန်းထိ
မင်းမျက်နှာလေးခိုးကြည့်ပြီး
မှားမှန်းသိသိနဲ့ ဆက်ချစ်သွားမယ်....

ခွင့်လွှတ်ပါကောင်မလေးရယ်....

ကောင်​မ​လေး

ကောင်မလေးရယ်
မင်းအကြောင်း တွေးရလွန်းလို့
လက်ညိုးညွှန်းရာ
ပန်းကဗျာဝေစေခဲ့ဖူးတဲ့ ငါ
ခုတော့…
လွမ်းစရာတွေ ခြေရာထပ်
ကဗျာစပ်ဖို့တောင်ခက်နေပြီ
ခံစားမှုတွေမြင့်တက်
ကဗျာရေးတဲ့လက်ကတောင်
ငါ့ကို မသထာတော့ဘူး
မင်းနဲ့ပတ်သက်ခဲ့ဖူးတာဆိုလို့

အမြတ်တနိုး ခင်မင်ရုံ
ရင်ခုန်သံကို တေးမသီ
ကဗျာတစ်ပုဒ်တောင် စာမစီနိုင်ခဲ့
ချစ်တတ်တဲ့နှလုံးသားက
အဲသည်လောက်ထိ လောင်ကျွမ်း
ငါ…
အရမ်းလွမ်းနေရတယ် ကောင်မလေးရယ်…

အချစ်​ကဗျာ


      

ချစ်သူအတွက်

ကိုယ်ကမင်းရဲ့ နေမ၀င်အချစ်မဟုတ်ခဲ့ရင်တောင်

ဆည်းဆာချိန်လေးမှာ ရပ်တန့်နေပါရစေ

မင်းရဲ့ကောင်းကင်တစ်ခု မဖြစ်ခဲ့ရင်တောင်

မင်းကိုအရိပ်ပေးမယ့် တိမ်စိုင်းလေးတော့ဖြစ်ပါရစေ

မင်းဘ၀ရဲ့လမင်းကြီမဟုတ်ခဲ့ရင်တောင်

မင်းကိုလမ်းပြမယ့် ကြယ်တစ်ပွင့်တော့ဖြစ်ပါစေ

မင်းဘေး အချိန်တိုင်းနေခွင့်မရရင်တောင်

မင်းအနားက အရိပ်လေးတော့ဖြစ်ပါရစေ

မင်းအတွက် တောက်ပတဲ့အလင်း မဖြစ်ချင်နေပါ

မင်းအတွက်ဖရောင်းတိုင်လေးတော့ဖြစ်ပါရစေမင်းရဲ့အချစ်ဦးမဟုတ်ခဲ့ရင်တောင်

မင်းရဲအချစ်ဆုံးတော့ဖြစ်ပါရစေ

ချစ်သူ….မင်းကိုယ့်ကို

ချစ်ရင်ချစ်မယ် မုန်းရင်မုန်းမယ်

သနားရင်သနားမယ်

ရက်စက်ရင်ရက်စက်မယ်

မခန့်မှန်းနိုင်ပေမယ့်

ကိုယ်ကတော့

သစ္စာဆိုရဲပါတယ်

ကိုယ်မင်းကို သိပ်ချစ်တယ်

မှတ်​သားစရာစာစုများ


မှတ်သားစရာ စာစုလေးတွေပါ

အစားထိုးမရတဲ.ဆုံး၇ှုံးမူဟာ၂ခုသာရှိတယ်မိဘနဲ.အချိန်ပဲ

လူတစ်ယောက်ရဲ.ဘုန်းတန်ခိုးဟာ အလုပ်လုပ်ခြင်းပဲ

ဆင်ခြေပေးတတ်တဲ.ပါးစပ် ထမင်းငတ်တတ်တယ်

မလုပ်တတ်​ကြောင်းများများ​ပြော​လေ မလုပ်တတ်လေ

နှေးတာဟာအရေးမကြီးပါဘူး ရပ်မနေဘို.ပဲအရေးကြီးတယ်

လိုသလောက်မရနိုင်ပေမဲ. လုပ်သလောက်တော.ရတယ်

မေ.တယ်ဆိုတာမလေးစားလို. ကြောက်တယ်ဆိုတာမခိုင်လုံလို.

အလုပ်မလုပ်ဘဲအခွင်.အရေးမရချင်ပါနဲ.

မနာလိုမဖြစ်ပါနဲ. လုပ်တဲ.သူက နေရာရမှာပဲ

အကျင်.စာရိတ္တသည် ထိုသူ၏ ကံကြမ္မာပင်ဖြစ်သည်

စာရိတ္တကောင်းရင်နောက်ကြောင်းရှင်းတယ်

မခိုင်းဘဲလုပ်တာသခင် ခိုင်းမှလုပ်တာကျွန်

ပန်းရိုင်း​လေ​ပွေ


ပန်းရိုင်းရဲ့လေပြည်

ငါဟာ    နှင်းဆီတစ်ပွင့်ပါ
အဆိပ်သင့် နေတယ်ဆိုပါတော့
အဆိပ်သင့်ဝတ်ရည်တွေကို
တရှိုက်မက်မက် သောက်သုံးချင်တဲ့
ပျားပိတုန်းတွေလည်းဝိုင်းလို့
နင်သိနိုင်မလား ?????
တကယ်တော့
ဝိရောဓိ လေပြည်လေးက
ယုယစွာ  နမ်းရှိုက်ပေးပါမှ
အဆိပ်သင့် ပန်းရိုင်းဘ၀က လွတ်မှာ
ရွက်ကြွေ တွေကိုချစ်တဲ့ နှင်းဆီ
အမြဲတွေဝေနေတဲ့ ၀ိရောဓိ လို လူတစ်ယောက်အတွက်