วันศุกร์ที่ 9 พฤษภาคม พ.ศ. 2557

ရနံမဲ့ချစ်​ခြင်း

ရနံမဲ့ချစ်ခြင်း

အသက်မပါတဲ့
စကားလုံးတွေနဲ့
ငါနှလုံးသားကို
ချည်နှောင်ဖို့မကြိုးစားပါနဲ့
မယုံကြည်တတ်သူအတွက်တော့
နားခါးလွန်းလို့ပါ....
တွေဝေချင်ဟန်ဆောင်မနေပါနဲ့တော့
အုံထိုင်းထိုင်းလေပြေညင်းမှာ
သင်းပျံတဲ့ရနံ့တစ်ခုလည်း
ပါမလာခဲ့ပါဘူး ....
ဝမ်းနည်းပါတယ်ဆိုတဲ့
နုတ်ဆက်စကားတစ်ခွန်းနဲ့
အချိန်တန်ရင်
ကျောခိုင်းလှည့်ထွက်သွားမှာပဲလေ
လှည့်ကြည့်မနေပါနဲ့တော့
အရာအားလုံးဟာ
တစ်နေ့တော့
လွင့်ပါးပျောက်ကွယ်သွားမှာပါ... 

ไม่มีความคิดเห็น:

แสดงความคิดเห็น