วันศุกร์ที่ 9 พฤษภาคม พ.ศ. 2557

အလွမ်းခရီးသည်

((((((အလွမ်းခရီးသည်)))))

မဖြစ်နိုင်တာမှ

အနက်ရှိုင်းစွာ စွဲလှမ်းရင်း

ယနေတိုင် ငါလွမ်းတယ်ဆိုတာ

စိတ်မခိုင်တဲ့ နှလုံးသားတစ်စုံကို

ဒဏ်ခတ်ယုံသက်သက်ပါ

မိန်းကလေး...။

မနှစ်သက်ပါဘူးလို့ မဆိုသော်လည်း

ချစ်ခဲတဲ့ နေရက်တိုင်းအတွက်

အလွမ်းဆက်ခဲ့တဲ့

ငါ့မနက်တွေကို

ငါမြတ်နိုးတယ်...။

တွေဝေယုံက မထူးခြားပေမယ့်

အဖြေစုံထုတ်ထားတဲ့

ငါနှလုံးသားရဲ့ ရှုပ်ထွေးလှတဲ့

ပုဒ်စ္ဆာတစ်ပုဒ်ရဲ့ အဖြေလွှာမှာ

မညီညာတဲ့ ထပ်တူကျမှုတွေနဲ့

တစ်နေရာက

မင်းမသိနိုင်တဲ့ ဝေဒနာတွေနဲ့အတူ

အလွမ်းခရီးဆက်ရင်း

ခရီးဆက်ရင်းက

မှတ်မှတ်ရရ

မင်းမသိခဲ့တဲ့ အချစ်ကို

ကြော်ငြာမိသွားခဲ့ယုံပါ

သြော်.......

လွမ်းရင်း ဆွေးရင်း

အထီးကျန်ရင်းက

ဆောင်းမင်းသမီးလေးတောင်

တစ်ရေးနိုးလာခဲ့ပြီပဲ

ကောင်းကင်ကြီးလည်း အငိုဆဲလို့

ဆောင်းနှင်းတွေလည်း ဝေတော့မယ်

အလွမ်းသဲတဲ့ ငါရင်ထဲမှာတော့

မင်းမပေးတဲ့ အချစ်တွေကို

မျှော်လင့်စောင့်စာရင်းက

အချစ်မဝေနိုင်သေပါဘူး

ဖြစ်ခွင့်ရှိခဲ့မယ်ဆိုရင်

မင်းတစ်ယောက်ထဲ ချစ်နေဆဲပါလို့

မင်းသိအောင် ပြောချင်ပေမယ့်လည်

မဖြစ်နိုင်တာတော့

ယနေ့တိုင်ပါပေါ့

မိန်းကလေးရယ်....။

ไม่มีความคิดเห็น:

แสดงความคิดเห็น